21.3.13

တွေ့ဆုံခွင့်

မထင်မှတ်ပဲနဲ့
ရုတ်တရက်ဆုံတွေ့ခဲ့ရတဲ့
facebook ထဲက ကောင်မလေးရေ. . . .

ဝေဒနာခါးခါးတွေနဲ့
အထီးကျန်နေခဲ့တဲ့ ငါ့ဘဝထဲကို
ပျော်ရွှင်ခြင်းဆိုတဲ့ အရာတစ်ခု
မင်းယူဆောင်ခဲ့ပေးတယ်နော်. . . .

ဟိုတစ်ချိန်တုန်းက
အွန်လိုင်းပေါ်မှာ ယောင်ချာချာနဲ့
ချစ်သူကင်းတဲ့ ငါ့ဘဝထဲကို
နူးညံ့တဲ့အပြုံးနဲ့ ကောင်မလေးတစ်ယောက်
ထွင်းဖောက်လို့ ဝင်ရောက်လာခဲ့တယ်. . . .

ကေသာနွယ်ရှည်လျလျနဲ့
ယဉ်ကာလှတဲ့ မင်းအပြုံးလေးကို
ကိုယ့်အသိအာရုံထဲ
ရူးသွပ်စွာစွဲလန်းခဲ့မိတော့
မင်းရှိမယ့်အချိန်လေးဆီ
ကိုယ်အွန်လိုင်းတက်ခဲ့မိပြီလေ. . . .

မင်နဲ့ဆုံတွေ့ခွင့်ရဖို့ကို
ရင်ခုန်စွာစောင့်မျှော်ရင်းနဲ့
မင်းရှိမယ်ထင်တဲ့ချိန်တိုင်း
အွန်လိုင်းမှာပဲ စောင့်နေပါ့မယ် မိန်းကလေးရယ် . . . . ။ ။ ။ ။ ။

(Facebook ထဲမှ ကောင်မလေးသို့ . . .)

No comments:

တွေ့ဆုံခွင့်

မထင်မှတ်ပဲနဲ့ ရုတ်တရက်ဆုံတွေ့ခဲ့ရတဲ့ facebook ထဲက ကောင်မလေးရေ. . . . ဝေဒနာခါးခါးတွေနဲ့ အထီးကျန်နေခဲ့တဲ့ ငါ့ဘဝထဲကို ပျော်ရွှင်ခြင်းဆိုတဲ့ အရာ...