30.9.08

အဆုံးမဲ့မျှော်လင့်ခြင်း

*** ပန်းကလေးတစ်ပွင့်
လန်းစွင့်လို့ ဖူးပွင့်နေချိန်မှာ
ဆွတ်ခူးဖို့မတတ်နိူင်ခဲ့လို့
အလှကြည့်ရင်းနဲ့ပဲ
ကျေနပ်နေပါ့မယ် . . . . .

*** ဒါပေမယ့် ...........
တစ်ကယ်လို့များ တစ်ချိန်ချိန်မှာ
ဆွတ်ခူးခွင့်ရရှိခဲ့ရင်
ဒါမှမဟုတ် ...........
ပန်းကလေးနွမ်းကြွေသွားခဲ့မယ်ဆိုရင်လည်း
မြတ်နိူးစွာနဲ့ပန်ဆင်ဖို့အတွက်
အမြဲတမ်းအဆင်သင့်ပါပဲ . . . . .

24.9.08

" ခက်ထန် " နှလုံးသား

... အလိုမပြည့်ခြင်းတွေ
အားငယ်ခြင်းတွေနဲ့
အစဉ်အမြဲအုပ်မိုးခံနေရတဲ့
ဘယ်လိုမျှော်လင့်ချက်တွေမှ မထားတော့တဲ့
ခပ်ဆိုးဆိုးလူတစ်ယောက်ရဲ့ အထီးကျန်ဘဝထဲကို
မျှော်လင့်ခြင်းအလင်းတန်းတွေဖြစ်ပေါ်လာအောင်
ဘာဖြစ်လို့ စွမ်းဆောင်ခဲ့ရတာလဲ - - - - ?

... မျှော်လင့်ခြင်းကင်းမဲ့စွာ ခြောက်သွေ့နေတဲ့
ကိုယ့်ရင်ခွင်ကို
မျှော်လင့်ခြင်းအသစ်တွေနဲ့ နွေးထွေးလာအောင်
ဘာလို့များဖန်ဆင်းပေးခဲ့ရတာလဲ - - - - ?

... လှပနူးညံ့ပြီး
မွှေးပျံ့လွန်းတဲ့ ပန်းတစ်ပွင့်ကို
တွေ့မြင်လိုက်ရတဲ့ လူတိုင်းရဲ့ရင်ထဲမှာတော့
ထိတွေ့ပိုင်ဆိုင်ခွင့် (ဒါမှမဟုတ်)
လိုချင်တပ်မက်မှုတွေ ရှိနေမှာ - - - - ရှိနေမှာပါ ...။ ။

13.9.08

ညီမျှခြင်း

အနာဂတ်မှာ ဖြစ်တည်မဲ့အရာထက်
လက်ရှိဖြစ်တည်နေတဲ့ စက္ကန့်ကိုတောင်
မလွန်ဆန်နိုင်ပါဘူး...
မပိုင်သာပေမယ့်
အာရုံရိပ်နဲ့အတွင်းစိတ်မှာ
ပိုင်ဆိုင်ချင်နေတာ အမှန်ပါ...
နှစ်တွေရွေ့လျားသွားခြင်းနဲ့အတူ
နွေးထွေးမှုတွေလျော့ပါးသွားမလားလို့
တွေးကြောက်နေရတဲ့ ငါက
အတိအလင်းဆိုတဲ့(အဖြေ)သိရဖို့
သတ္တိဆိုတဲ့ အရာတစ်ခုကို
ကြိုးကြိုးစားစားမွေးဖွားနေရတာဟာ
ထာဝရချစ်ခြင်း ညီမျှခြင်းတွေ
စားသုံးဖို့သက်သက်ပါကွာ...။...။...။

12.9.08

အဖြေတစ်ခုအတွက်

ပုံမှန်မဟုတ်တဲ့
ရင်ခုန်သံကို
ဥပေက္ခာတွေနဲ့ချော့မြူရင်း
သူငယ်ချင်းဆိုတဲ့ စည်းတစ်ခုရဲ့အောက်မှာ
ငါ့ရဲ့ဆန္ဒတွေ ဒူးထောက်နေရတာပါ ။...။...။

ပညတ်ချက်တွေ ကိုယ်စား
ဟန်ဆောင်ခြင်းတွေသာစားသုံးပြီး
ပူလောင်နေတဲ့ အနာဂတ်ကို
ငတ်မွတ်နေရသူပါ ။...။...။

ခင်မင်မှုထုံးတမ်းတွေကြားမှာ
လုံးပါးပါးရတော့မယ့် အချစ်တစ်ခုအတွက်
လှမ်းလင့်လာမယ့် အဖြေတစ်ခုကို
တောင့်တမှုပေါ်င်းများစွာနဲ့
မျှော်လင့်နေရသူပါ ။...။...။

5.9.08

အမှတ်တရ

ဒို့နှစ်ယောက်ရဲ့ အချစ်
အစပြုလို့ဖြစ်တည်ခဲ့ကြ
မိုးသည်းတဲ့ " ဇူလိုင်လ "............
အသည်းခိုက်တဲ့ မိုးရေထဲ
ကိုယ့်လက်ကို မင်းဆုပ်ကိုင်
ချစ်ခြင်းတွေတိုင်တည်ခဲ့
" ကမ္ဘာပေါ်မှာအချစ်ဆုံးဟာကိုယ်တစ်ယောက်ထဲပါတဲ့ "...........

ရွာသွန်းဆဲမိုးရေထဲမှာ
ညင်သာစွာရရှိခဲ့
အသည်းခိုက်တဲ့မင်းရဲ့အနမ်း
ရူးလောက်အောင်စွဲလမ်းသွားခဲ့ ...........

" ဇူလိုင်" ရဲ့မိုးစက်တွေကြား
နူးညံ့တဲ့မင်းနှုတ်ခမ်းပါးကို
ရင်ခုန်စွာ နမ်းရှိုက်ရင်းက
လောကကြီးကိုတောင် ခဏလောက် မေ့သွားတယ်..
" ဇူလိုင်" ရေ........

ဒါပေမယ့် ..........
အခုတော့ငါ့မှာတစ်ယောက်ထဲ
ခါးသီးတဲ့မိုးရေထဲမှာ
အထီးကျန်စွာလမ်းလျှောက်ရင်းက
ချိုမြိန်တဲ့မင်းနှုတ်ခမ်းပါးလေး
ပြန်လည်လို့အောက်မေ့မိသေးတယ် ...........

" ဇူလိုင် " ရဲ့မိုးသည်းနေ့မှာ
မင်းငါ့ကိုလမ်းခွဲခဲ့တာ
အခုချိန်ထိအမှတ်ရတုန်းပါ ...........

ဘယ်တော့မှရိုးမသွားနိူင်တဲ့
" ဇူလိုင် " ရဲ့ညနေခင်းကို
ငါပြန်လည်တမ်းတရင်းက
" ဇူလိုင် " လရောက်လေတိုင်း
ဆွေးမြည့်နေတဲ့မင်းအနမ်းတွေ
တသက်တာအမှတ်တရအဖြစ်နဲ့ကျန်ရှိနေဦးမှာပါလေ ................ ။ ။ ။

(2005 ဇူလိုင်မိုးသည်းနေ့မျာသို့အမှတ်တရ.........)

တွေ့ဆုံခွင့်

မထင်မှတ်ပဲနဲ့ ရုတ်တရက်ဆုံတွေ့ခဲ့ရတဲ့ facebook ထဲက ကောင်မလေးရေ. . . . ဝေဒနာခါးခါးတွေနဲ့ အထီးကျန်နေခဲ့တဲ့ ငါ့ဘဝထဲကို ပျော်ရွှင်ခြင်းဆိုတဲ့ အရာ...