29.12.08

ကာရံမဲ့ တဲ့ကဗျာ

ငါ့ချစ်ခြင်းကို....
မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
အဆွေးသီချင်းတစ်ပုဒ်နဲ့
ချော့ရအုံးမယ်....။

ခြောက်ကပ်ကပ်လည်ချောင်းထဲကနေ....
ဆို့နင့်နင့်သံ စဉ်တစ်ချို့
ရုန်းကန်ရင်းထွက်လာဖို့အတွက်
ကြိတ်မှိတ်ပြီးဆိုရအုံးမယ်....။

"နင့်ကိုလုံးဝမချစ်နိုင်တော့ဘူး" တဲ့....
အခက်ထန်ဆုံးမင်းရဲ့စကား
ငါ့နားထဲပေါက်ကွဲသွားခဲ့
မင်းပြောရက်တယ်နော်.....။

နီညိုရောင်အရည်တစ်ခွက်နဲ့
နှလုံးသားကိုချော့သိပ်
လည်ချောင်းက အသံတိတ်လို့
သံစဉ်တွေ နှုတ်ပိတ်လိုက်တဲ့ခဏမှာ
ငါ့ရင်ထဲမှာနေတစ်စင်းအရည်ပျော်သွားတယ်....။.....။.....။

No comments:

တွေ့ဆုံခွင့်

မထင်မှတ်ပဲနဲ့ ရုတ်တရက်ဆုံတွေ့ခဲ့ရတဲ့ facebook ထဲက ကောင်မလေးရေ. . . . ဝေဒနာခါးခါးတွေနဲ့ အထီးကျန်နေခဲ့တဲ့ ငါ့ဘဝထဲကို ပျော်ရွှင်ခြင်းဆိုတဲ့ အရာ...