21.3.13

တွေ့ဆုံခွင့်

မထင်မှတ်ပဲနဲ့
ရုတ်တရက်ဆုံတွေ့ခဲ့ရတဲ့
facebook ထဲက ကောင်မလေးရေ. . . .

ဝေဒနာခါးခါးတွေနဲ့
အထီးကျန်နေခဲ့တဲ့ ငါ့ဘဝထဲကို
ပျော်ရွှင်ခြင်းဆိုတဲ့ အရာတစ်ခု
မင်းယူဆောင်ခဲ့ပေးတယ်နော်. . . .

ဟိုတစ်ချိန်တုန်းက
အွန်လိုင်းပေါ်မှာ ယောင်ချာချာနဲ့
ချစ်သူကင်းတဲ့ ငါ့ဘဝထဲကို
နူးညံ့တဲ့အပြုံးနဲ့ ကောင်မလေးတစ်ယောက်
ထွင်းဖောက်လို့ ဝင်ရောက်လာခဲ့တယ်. . . .

ကေသာနွယ်ရှည်လျလျနဲ့
ယဉ်ကာလှတဲ့ မင်းအပြုံးလေးကို
ကိုယ့်အသိအာရုံထဲ
ရူးသွပ်စွာစွဲလန်းခဲ့မိတော့
မင်းရှိမယ့်အချိန်လေးဆီ
ကိုယ်အွန်လိုင်းတက်ခဲ့မိပြီလေ. . . .

မင်နဲ့ဆုံတွေ့ခွင့်ရဖို့ကို
ရင်ခုန်စွာစောင့်မျှော်ရင်းနဲ့
မင်းရှိမယ်ထင်တဲ့ချိန်တိုင်း
အွန်လိုင်းမှာပဲ စောင့်နေပါ့မယ် မိန်းကလေးရယ် . . . . ။ ။ ။ ။ ။

(Facebook ထဲမှ ကောင်မလေးသို့ . . .)

29.12.08

ကာရံမဲ့ တဲ့ကဗျာ

ငါ့ချစ်ခြင်းကို....
မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
အဆွေးသီချင်းတစ်ပုဒ်နဲ့
ချော့ရအုံးမယ်....။

ခြောက်ကပ်ကပ်လည်ချောင်းထဲကနေ....
ဆို့နင့်နင့်သံ စဉ်တစ်ချို့
ရုန်းကန်ရင်းထွက်လာဖို့အတွက်
ကြိတ်မှိတ်ပြီးဆိုရအုံးမယ်....။

"နင့်ကိုလုံးဝမချစ်နိုင်တော့ဘူး" တဲ့....
အခက်ထန်ဆုံးမင်းရဲ့စကား
ငါ့နားထဲပေါက်ကွဲသွားခဲ့
မင်းပြောရက်တယ်နော်.....။

နီညိုရောင်အရည်တစ်ခွက်နဲ့
နှလုံးသားကိုချော့သိပ်
လည်ချောင်းက အသံတိတ်လို့
သံစဉ်တွေ နှုတ်ပိတ်လိုက်တဲ့ခဏမှာ
ငါ့ရင်ထဲမှာနေတစ်စင်းအရည်ပျော်သွားတယ်....။.....။.....။

28.11.08

အဖြည့်ခံ...

*** ဝေသမျှ မကြွေတဲ့ပန်းပါ
မင်းမနမ်းချင်လဲ(လည်း) ပွင့်ခဲ့ပြီလေ......။

*** စိမ့်ထွက်သမျှ မခန်းတဲ့စမ်းပါ
မင်းမသောက်ချင်လဲ(လည်း) စီးခဲ့ပြီလေ.....။

*** ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်းမကြားချင်လဲ(လည်း) သီခဲ့ပြီလေ.....။

*** မြူတိမ်ကင်းပြီး သာတဲ့လပါ
မင်းအိပ်နေလဲ(လည်း) လင်းခဲ့ပြီလေ.....။

*** တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်ပါတယ်
မျက်နှာမသစ်တောင်မှ
( မင်းမောတဲ့အခါ........)
ခြေဆေးလို့ရအောင်ပေါ့.......။.....။.....။

မောင်စိန်ဝင်း ( ပုတီးကုန်း )

25.11.08

ထာဝရ " ရှုံး "

တစ်သက်တာထာဝရမှာ
မင်းတစ်ယောက်ကိုသာ ချစ်ခဲ့တာပါ .....
ဒါပေမယ့် .....
အချစ်ကအမှားဖြစ်
မင်းကထားရစ်ခဲ့လေတော့
အရှုံးတရားကိုပွေ့ဖက်
အမုန်းတရားရဲ့ထိုးနှက်ချက်တွေနဲ့အတူ
နှလုံးသားမှာနာကျင်စွာခံစားရင်း
အဝေးဆုံးရဲ့အဝေးမှာပဲ
တစ်ယောက်ထဲ....
ကျန်ရစ်နေပါရစေတော့ကွယ် ...... ....... ...... ။

6.10.08

နှုတ်မဆက်သော နှုတ်ဆက်ခြင်း

နောက်ဆုံးနေ့တစ်နေ့လို့ မထင်လိုက်မိဘူး ........
ရုတ်တရက်နဲ့
နှုတ်မဆက်ပဲထွက်လာမိခဲ့တယ် .......
အားလုံးရဲ့အကြည့်အောက်မှာ
လွင့်ပျောက်သွားတော့မယ့် တိမ်စိုင်တစ်ခုလို
ပြေးထွက်သွားလိုက်ချင်မိပါရဲ့.......

ချစ်သူရဲ့ အပြုံး
မျက်လုံးထဲကမထွက်သေးဘူး
မုန်းသူကို မတွေ့ရတော့လို့
ပျော်နေတယ်ထင်မိပါရဲ့ ........
ကိုယ့်ရင်ထဲမှာတော့ ဆိုင်ကလုန်း (နာဂစ်) ပေါ့ .......

ခေါင်းငိုက်စိုက်နဲ့ အပြင်ကိုထွက်
လမ်းတွေ့တဲ့သူငယ်ချင်းနဲ့ပခုံးဖက်လို့
" သူငယ်ချင်း ဘယ်သွားမလဲ " လို့မေးတော့
" ၁၉ " လမ်းတဲ့ ချစ်သူရေ ...........။။။...။။။...။။။

30.9.08

အဆုံးမဲ့မျှော်လင့်ခြင်း

*** ပန်းကလေးတစ်ပွင့်
လန်းစွင့်လို့ ဖူးပွင့်နေချိန်မှာ
ဆွတ်ခူးဖို့မတတ်နိူင်ခဲ့လို့
အလှကြည့်ရင်းနဲ့ပဲ
ကျေနပ်နေပါ့မယ် . . . . .

*** ဒါပေမယ့် ...........
တစ်ကယ်လို့များ တစ်ချိန်ချိန်မှာ
ဆွတ်ခူးခွင့်ရရှိခဲ့ရင်
ဒါမှမဟုတ် ...........
ပန်းကလေးနွမ်းကြွေသွားခဲ့မယ်ဆိုရင်လည်း
မြတ်နိူးစွာနဲ့ပန်ဆင်ဖို့အတွက်
အမြဲတမ်းအဆင်သင့်ပါပဲ . . . . .

24.9.08

" ခက်ထန် " နှလုံးသား

... အလိုမပြည့်ခြင်းတွေ
အားငယ်ခြင်းတွေနဲ့
အစဉ်အမြဲအုပ်မိုးခံနေရတဲ့
ဘယ်လိုမျှော်လင့်ချက်တွေမှ မထားတော့တဲ့
ခပ်ဆိုးဆိုးလူတစ်ယောက်ရဲ့ အထီးကျန်ဘဝထဲကို
မျှော်လင့်ခြင်းအလင်းတန်းတွေဖြစ်ပေါ်လာအောင်
ဘာဖြစ်လို့ စွမ်းဆောင်ခဲ့ရတာလဲ - - - - ?

... မျှော်လင့်ခြင်းကင်းမဲ့စွာ ခြောက်သွေ့နေတဲ့
ကိုယ့်ရင်ခွင်ကို
မျှော်လင့်ခြင်းအသစ်တွေနဲ့ နွေးထွေးလာအောင်
ဘာလို့များဖန်ဆင်းပေးခဲ့ရတာလဲ - - - - ?

... လှပနူးညံ့ပြီး
မွှေးပျံ့လွန်းတဲ့ ပန်းတစ်ပွင့်ကို
တွေ့မြင်လိုက်ရတဲ့ လူတိုင်းရဲ့ရင်ထဲမှာတော့
ထိတွေ့ပိုင်ဆိုင်ခွင့် (ဒါမှမဟုတ်)
လိုချင်တပ်မက်မှုတွေ ရှိနေမှာ - - - - ရှိနေမှာပါ ...။ ။

13.9.08

ညီမျှခြင်း

အနာဂတ်မှာ ဖြစ်တည်မဲ့အရာထက်
လက်ရှိဖြစ်တည်နေတဲ့ စက္ကန့်ကိုတောင်
မလွန်ဆန်နိုင်ပါဘူး...
မပိုင်သာပေမယ့်
အာရုံရိပ်နဲ့အတွင်းစိတ်မှာ
ပိုင်ဆိုင်ချင်နေတာ အမှန်ပါ...
နှစ်တွေရွေ့လျားသွားခြင်းနဲ့အတူ
နွေးထွေးမှုတွေလျော့ပါးသွားမလားလို့
တွေးကြောက်နေရတဲ့ ငါက
အတိအလင်းဆိုတဲ့(အဖြေ)သိရဖို့
သတ္တိဆိုတဲ့ အရာတစ်ခုကို
ကြိုးကြိုးစားစားမွေးဖွားနေရတာဟာ
ထာဝရချစ်ခြင်း ညီမျှခြင်းတွေ
စားသုံးဖို့သက်သက်ပါကွာ...။...။...။

တွေ့ဆုံခွင့်

မထင်မှတ်ပဲနဲ့ ရုတ်တရက်ဆုံတွေ့ခဲ့ရတဲ့ facebook ထဲက ကောင်မလေးရေ. . . . ဝေဒနာခါးခါးတွေနဲ့ အထီးကျန်နေခဲ့တဲ့ ငါ့ဘဝထဲကို ပျော်ရွှင်ခြင်းဆိုတဲ့ အရာ...