ကြယ်တွေစီးတဲ့မြစ်...
-
ကျနော့်သားက မေးတယ်။
‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေး...
1 day ago
ခက်ထန် ရဲ့ အကြောင်း....
... အလိုမပြည့်ခြင်းတွေ
အားငယ်ခြင်းတွေနဲ့
အစဉ်အမြဲအုပ်မိုးခံနေရတဲ့
ဘယ်လိုမျှော်လင့်ချက်တွေမှ မထားတော့တဲ့
ခပ်ဆိုးဆိုးလူတစ်ယောက်ရဲ့ အထီးကျန်ဘ၀ထဲကို
မျှော်လင့်ခြင်းအလင်းတန်းတွေဖြစ်ပေါ်လာအောင်
ဘာဖြစ်လို့ စွမ်းဆောင်ခဲ့ရတာလဲ - - - - ?
... မျှော်လင့်ခြင်းကင်းမဲ့စွာ ခြောက်သွေ့နေတဲ့
ကိုယ့်ရင်ခွင်ကို
မျှော်လင့်ခြင်းအသစ်တွေနဲ့ နွေးထွေးလာအောင်
ဘာလို့များဖန်ဆင်းပေးခဲ့ရတာလဲ - - - - ?
... လှပနူးညံ့ပြီး
မွှေးပျံ့လွန်းတဲ့ ပန်းတစ်ပွင့်ကို
တွေ့မြင်လိုက်ရတဲ့ လူတိုင်းရဲ့ရင်ထဲမှာတော့
ထိတွေ့ပိုင်ဆိုင်ခွင့် (ဒါမှမဟုတ်)
လိုချင်တပ်မက်မှုတွေ ရှိနေမှာ - - - - ရှိနေမှာပါ ...။ ။
မှတ်ချက် .... ကဗျာ
0 comments:
Post a Comment